MyanLife x MOE Fast Food & Snacks Charity
                
                    
                        Activity Date: 
                        Published Date: 
                        Back to Charity Page
                     
                 
             
            
                
                    

September လ အတွက် Charity လေးတစ်ခုကတော့ MyanLife နဲ့ Moe Fast Food & Snacks တို့ ပူးပေါင်းပြီး Moe အုန်းသီးပေါင်မုန့် အလုံး ၃၀၀ ကျော် Butter Toast bread နဲ့ Cheese Sandwich အလုံး ၂၀၀ ကျော် ကို သာကေတစည်ပင်သာယာဝန်ထမ်းအိမ်ရာနှင့် စမ်းချောင်းမြေနီကုန်း ဂုံးတံတားအောက်မှာရှိတဲ့ စျေးသည်ကလေးတချို့ကို သွားရောက်လှူဒါန်းဖြစ်ခဲ့ပါတယ်။
 

ရုတ်တရက်မိုးရွာလာပေမဲ့ စောင့်နေတဲ့မိသားစုနဲ့ ကလေးလေးတွေရှိလို့ မိုးထဲလေထဲမှာပဲ ဆက်ဝေပေးဖြစ်ခဲ့တာတော့ တကယ့်အမှတ်တရပါပဲ။
 

မိုးရေထဲပြေးလွှားဆော့ပြီး မုန့်တွေလာယူကြ၊ ရပြီးသွားလည်း မရသေးလို့ဆိုပြီးထပ်ထပ်လာတောင်းကြနဲ့ September လ Charity လေးကတော့ ပင်ပန်းပေမဲ့ ပီတိဖြစ်ရပါတယ်။
 

MyanLife ကနေပြီးတော့ လိုအပ်တဲ့နေရာတွေကိုသွားပြီးလှူဒါန်းဦးမှာမို့ ပါဝင်ချင်တဲ့ မည်သူမဆိုပါဝင်ဖို့ဖိတ်ခေါ်ပါတယ်နော် 

 

လိုအပ်နေတဲ့နေရာလေးတွေရှိလည်းပြောပြပေးခဲ့ပါဦး 

 
MyanLife, For a better life 
