Aye Myittar Disabled Care Center and Special Education with Myanlife
                
                    
                        Activity Date: 
                        Published Date: 
                        Back to Charity Page
                     
                 
             
            
                
                    
MyanLife ရဲ့ August လအတွက် အလှူလေးတစ်ခု 

 
August လမှာတော့ MyanLife Team ကနေပြီးတော့ လှိုင်သာယာ အင်ကြင်းလမ်းမှာရှိတဲ့ 
အေးမေတ္တာမသန်စွမ်းရိပ်မြုံ မှာ လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းများနှင့် အခြားစားသောက်ကုန်ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ပါတယ် 

 
အေးမေတ္တာမသန်စွမ်းရိပ်မြုံမှာရှိတဲ့ ကလေးလေးတွေက အေးမေတ္တာက ဆရာမတွေရဲ့ သင်ကြားပြသမှုကြောင့် အရင်ကထက်ပိုကောင်းထက်ရလဒ်တွေ ရလာတာကိုလည်း ကိုယ်တိုင်မြင်တွေ့ခဲ့ရတာကြောင့် လှူဒါန်းရတာလည်း ပိုပြီးအားဖြစ်စေပါတယ် 

 
အေးမေတ္တာက ကလေးလေးတွေအတွက် လိုအပ်နေသေးတဲ့ အရာလေးတွေကလည်း အများကြီးရှိနေပါသေးတယ် 

 
လှူဒါန်းချင်သူတွေ အနေနဲ့ အမှတ် (၄၉၃)၊ (၁၁) ရပ်ကွက်၊ အင်ကြင်းလမ်း၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၆၈၈ ၄၅၅၊ ၀၉-၅၀၀၂၃၁၁ ကိုဆက်သွယ်ပြီး သွားရောက်လှူဒါန်းနိုင်ပါကြောင်း MyanLife ကနေပြီးတော့ နှိုးဆော်တိုက်တွန်းလိုက်ပါတယ်နော် 

 

 ကလေးလေးတွေပုံကိုလည်း အေးမေတ္တာမသန်စွမ်းရိပ်မြုံကျောင်းက ခွင့်ပြုချက်အရတင်တာဖြစ်ပါတယ်ရှင်