ရှမ်းပြည်နယ် တောင်တန်းဒေသဆီက တိုက်ရိုက်မှာယူထားတဲ့ ဟင်းခတ်အမွှေးအကြိုင် လတ်လတ်ဆတ်ဆတ်တွေနဲ့ပဲ သီးသန့် ချက်ပြုတ်ထားတာမို့ မူရင်း ဒေသထွက် စစ်မှန်တဲ့ တိုင်းရင်းသား လက်ရာအရသာကို ရာနှုန်းပြည့် ခံစားရမယ့် "MINE LA BBQ & BRUNCH CO." လေး MyanLife မှာ ရောက်ရှိလို့ လာပါပြီနော်။
ပါးစပ်ထဲ စွဲကျန်ရစ်မယ့် မိုင်းလားစတိုင် အကင်ဆိမ့်ဆိမ့်လေးတွေ၊ ဆိမ့်မွှေးမွှေး ရသာစုံနဲ့ "ဝ" တိုင်းရင်းသား ရိုးရာဟင်းလျာတွေအပြင် ရှမ်းရိုးရာ လက်ရာစစ်စစ်တွေကို စိတ်ကြိုက် မြည်းစမ်း သုံးဆောင်နိုင်ပါပြီ။